ယုံကြည်တာကို ရပ်ပစ်သင့်ပြီဖြစ်တဲ့ လေ့ကျင့်ခန်းဆိုင်ရာ အယူအဆများ
ဖေ‌ဖော်ဝါရီ 6, 2020
လုပ်ငန်းခွင်မှာ ကျန်းမာနေစေမယ့် နည်းလမ်းကောင်း ၁၀
ဖေ‌ဖော်ဝါရီ 6, 2020

အလုပ်ချစ်သူတို့အတွက် အကောင်းဆုံး အာဟာရဆိုင်ရာ နည်းလမ်း ၁၀

သင်က အလုပ်ကို စွဲစွဲလမ်းလမ်းလုပ်ပြီး တခြား လှုပ်ရှားမှုတွေမှာ စိတ်ပါဝင်စားဖို့ အချိန်မရှိဘူးဆိုရင်၊ ထမင်း စားဖို့ အချိန်ကိုတောင် လုယူနေရတယ်ဆိုရင်၊ အိပ်တာထက် အလုပ်က ပိုအရေးကြီးတယ်လို့ ယူဆ နေတယ်ဆိုရင် သင်က အလုပ်စွဲသမား (တစ်နည်း) အလုပ်ချစ်သူလို့ ခေါ်ရမှာပါ။ သင့်အနေနဲ့ အကောင်း ဆုံး စွမ်းဆောင်ချင်တယ်၊ သင်ရဲ့ အားထုတ်မှုကနေ အကောင်းဆုံးရလဒ်ကို မြင်ချင်တယ်ဆိုရင်တော့ ပို ကျန်းမာတဲ့ နေထိုင်မှုပုံစံပြောင်းလဲရင်းနဲ့ သင့်အမူ အကျင့်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလို လုပ် ပေးတာက သင့်တော်တဲ့ အာဟာရဓာတ်ကို ရရှိစေပြီး နာရီပေါင်းများစွာ အလုပ်လုပ်နိုင်မယ့် စွမ်းအင်ကို လည်း ရစေမှာပါ။ အောက်ပါ အာဟာရဆိုင်ရာ နည်း လမ်းတွေကို လိုက်နာရင် ပိုကျန်းမာလာမှာပါ။

(၁) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
အိပ်စက်ချိန် ၆-၇ နာရီလောက် လိုအပ်တယ် ဆိုတာ သိပါသလား။ သင့်ခန္ဓာကိုယ်က အားပြန်ဖြည့် ဖို့ လိုအပ်တာကြောင့် အိပ်ချိန်ကို ဒီလိုပေးသင့်တာ ပါ။ နောက်တစ်နေ့ စိန်ခေါ်မှုတွေအတွက် အဆင်သင့် အနေအထားနဲ့ လန်းလန်းဆန်းဆန်း နိုးကြားလာဖို့ သင့်ြွကက်သားတွေ တောင့်တင်းနေချိန်မှာ အနား ယူပေးရမယ့် အချိန်၊ ဦးနှောက်ဆဲလ်တွေကို အပန်း ဖြေဖို့ အချိန်ပါပဲ။ စိတ်နဲ့ ခန္ဓာ ပင်ပန်းနေချိန်မှာ ဘယ်သူမှ ရလဒ်ကောင်းကောင်း ထွက်အောင် မ လုပ်နိုင်ကြပါဘူး။

(၂) နံနက်စာစားပါ
တစ်နေ့တာရဲ့ အလွန်အရေးကြီးဆုံးအစာကို ဘယ်တော့မှ မကျော်လိုက်ပါနဲ့။ ဒါက အလုပ်တွေကို ကြိုးကြိုးစားစားလုပ်နိုင်မယ့် တစ်နေ့တာအတွက် အ ရေးပါဆုံးအစာပါ။ ဗိုက်ဆာနေချိန်မှာ မစားဘဲနေတာ က မကောင်းတဲ့ ကျန်းမာရေးကို စိန်ခေါ်နေတဲ့ နည်း လမ်းတစ်ရပ်ပါ။

(၃) သရေစာကို ကျန်းမာရေးနဲ့ အညီစားပါ
လူတွေက ထမင်းစားချိန်တစ်ချိန်နဲ့ တစ်ချိန် ကြား သရေ စာစားလေ့ရှိကြပါတယ်။ သရေစာက စွမ်းအင်တွေ ထပ်ခါ ထပ်ခါ တိုးစေပြီး အားပြည့်စေ ပါတယ်။ ဒါပေမဲ့ သရေစာတိုင်းက ခန္ဓာကိုယ်အ တွက် မကောင်းပါဘူး။ သရေစာမှာ အခွံမာအစေ့အ ဆန် လက်တစ်ဆုပ်စာ၊ သစ်သီး တစ်ပန်းကန်စာ၊ သစ်သီးဖျော်ရည် စတာတွေ ပါသင့်ပါတယ်။ ဒီသ ရေစာတွေကို ထမင်းမစားခင် အနည်းဆုံး တစ်နာရီ ခွဲအကွာမှာ စားထားသင့်ပါတယ်။ မဟုတ်ရင် သရေ စာစားလိုက်တဲ့အတွက် ထမင်းမစားနိုင် ဖြစ်မှာစိုးလို့ ပါ။

(၄) လတ်လတ်ဆတ်ဆတ် စားပါ
အလုပ်စွဲသူတွေအတွက် အမြဲတမ်းတော့ မဖြစ် နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အစားအသောက်ကို စာရင်းထဲမှာ နောက်ဆုံးနေရာ ထားတတ်လို့ပါပဲ။ ရေ ခဲသေတ္တာထဲထည့်တဲ့ အစာတိုင်း အာဟာရဓာတ် ပါ ဝင်ပေမယ့် လတ်လတ်ဆတ်ဆတ် ချက်ထားတဲ့ အ စာမဖြစ်တတ်ပါဘူး။ လတ်ဆတ်တဲ့ အစာရဲ့ အရသာ ကိုလည်း မယှဉ်နိုင်ဘူးလေ။

(၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ
စွမ်းအင်ရဖို့အတွက် ကာဗိုဟိုက်ဒရိတ်လိုအပ် ပါတယ်။ ကာဗိုဟိုက်ဒရိတ်လိုပေမယ့် များလွန်းရင် မကောင်းပါဘူး။ ထမင်းစားတိုင်း ဟင်းသီးဟင်းရွက် ပါဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက ဗီတာ မင်နဲ့ သတ္တုဓာတ်တွေကို ပေးစွမ်းနိုင်ရုံသာမက ကြာ ကြာဗိုက်ပြည့်စေပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ အ မျှင်ဓာတ်ကိုလည်း ရရှိစေပါတယ်။

(၆) ရေများများ သောက်ပါ
ရေဆိုတာ ဆာလောင်မှုကို ပြေစေတဲ့ အရည် တစ်မျိုးပါ။ သင့်ခန္ဓာကိုယ် အစိုဓာတ်ပြည့်ဝနေစေဖို့ ရေလိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ကို ဟန်ချက်ထိန်းနိုင်တဲ့အခါ အစာခြေလမ်းကြောင်းစ နစ်က ကောင်းမွန်တဲ့ အခြေအနေမှာ အလုပ်လုပ်နေ မှာပါ။ ဒီအကျင့်လေး စွဲနေအောင် တစ်နေ့တာကို ရေ တစ်ဖန်ခွက် ဒါမှမဟုတ် နှစ်ဖန်ခွက်နဲ့ စတင်ပေးပါ။

(၇) လှေကားကနေ တက်ပါ
အာဟာရဆိုတာ စားတဲ့အစာကနေပဲ ရတာ မဟုတ်ပါဘူး။ ကျန်းမာဖို့နဲ့ စားတဲ့ အစာတွေရဲ့ ကောင်းကျိုးတွေ ရရှိဖို့ရာအတွက် လေ့ကျင့်ခန်းတ ချို့ လုပ်ပေးဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ် ဖို့ အချိန်မရဘူးဆိုရင် အစားထိုးလုပ်နိုင်မယ့်နည်း တွေကို လုပ်ဆောင်ပါ။ ဓာတ်လှေကားနဲ့ တက်မယ့် အစား လှေကားကနေ တက်ပါ။ အဝေးမှာ ကားပါ ကင်ထိုးပြီး လမ်းလျှောက်ပါ။

(၈) စကားပြောရင်း လမ်းလျှောက်ပါ
မိုဘိုင်းဖုန်းက သွယ်ဝိုက်တဲ့နည်းနဲ့ သင့်ကို ကျန်း မာအောင် လုပ်ဆောင်နိုင်ပါသေးပါတယ်။ အလုပ်စွဲ သမားတစ်ယောက်အနေနဲ့ ဖုန်းပြောတဲ့အချိန်က များ တာကြောင့် ဖုန်းပြောရင် ထိုင်ခုံကနေ ထလိုက်ပါ။ ထိုင်ရာကနေ ထပြီး လမ်းလျှောက်ပေးသင့်ပါတယ်။ သင့်စကားပြောတာ ပြီးဆုံးရုံသာမက သင့်ကိုယ်သင် လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ပြုလုပ်ပေး ပြီးသား ဖြစ်သွားမှာပါ။
(၉) စားမယ့်အစားအသောက်ကို ကြိုတင် စီစဉ်ပါ
ဗိုက်ဆာတဲ့အခါ အဆင်သင့်အစာကို စားဖြစ် သွားတဲ့ အဓိက အကြောင်းရင်းက ကြိုတင်စီစဉ်မှု မရှိလို့ပါပဲ။ အားလပ်ရက်တိုင်း ဒါမှမဟုတ် အချိန် နည်းနည်းရတာနဲ့ အစာစားဖို့ အစီအစဉ် ရေးဆွဲထား ပါ။ ဒီအကျင့်ကို ရပ်မပစ်ပါနဲ့။ ဈေးဝယ်ဖို့ စာရင်းကို ကြိုတင်စီစဉ်ပြီး ဈေးဝယ်ထွက်ပါ။ တစ်ပတ်စာ သို လှောင်ထားပါ။ ဒါဆိုရင် သင့်တော်တဲ့ အစားအ သောက်ကို အချိန်ပိုင်းအတွင်း ပြင်ဆင်ဖြစ်သွားမှာ ပါ။

(၁၀) သင့်တော်တာတွေကို ဈေးဝယ်ပါ
သင်က အစီအစဉ်ရေးဆွဲတဲ့အခါ အာဟာရရှိ မယ့်အချက်တွေကို စိတ်ထဲထည့်ပြီး ဈေးဝယ်ပါ။ သင့်အစာအိမ်ကော သင့်စိတ်အတွက်ပါ ကောင်းစေ မယ့် အရာတွေကို ထည့်ဝယ်ပါ။ ကျန်းမာရေးနဲ့ ညီ ညွတ်တာတွေကို ထည့်ပြီး အဆင်သင့်အစာတွေကို ဝေးဝေးမှာ ထားပါ၊ လတ်ဆတ်မှုနဲ့ သန့်ရှင်းတဲ့ စား သောက်ခြင်းဖြစ်ဖို့ ဦးတည်ပါ။ မှန်မှန်ကန်ကန် ဈေး ဝယ်တဲ့အခါ မှန်မှန်ကန်ကန် စားဖြစ်ပါလိမ့်မယ်။

အလုပ်စွဲသမားတွေတိုးလာပြီး ကျန်းမာရေး ထိခိုက်မှု ရှိလာတတ်ပါတယ်။ ကျန်းမာရေး ပြဿနာ ဖြစ်ရတဲ့ အကြောင်းရင်းက အလုပ်မဟုတ်ပါဘူး၊ အာ ဟာရဆိုင်ရာ အချက်တွေကို လျစ်လျူရှုထားလို့ပါ။ အချိန်တိုအတွင်း အောင်မြင်မှု အများကြီး ရရှဖို့အ တွက် ကျန်းမာရေးကို လျစ်လျူရှုတဲ့ လူတွေကို ထား ခဲ့လိုက်ပါ။ သူတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ ထိန်းသိမ်းဖို့ လိုအပ်ပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကာ ရှေ့ဆက်မယ့် ဘဝ အတွက် အဆင်သင့်ပြင်ဆင်ထားရမှာပါ။