မောပန်းနွမ်းလျမှုကို တွန်းလှန်ပေးနိုင်မည့် စူပါအစာ ၇ မျိုး
ဖေ‌ဖော်ဝါရီ 6, 2020
အလုပ်ချစ်သူတို့အတွက် အကောင်းဆုံး အာဟာရဆိုင်ရာ နည်းလမ်း ၁၀
ဖေ‌ဖော်ဝါရီ 6, 2020

ယုံကြည်တာကို ရပ်ပစ်သင့်ပြီဖြစ်တဲ့ လေ့ကျင့်ခန်းဆိုင်ရာ အယူအဆများ

သင့်အနေနဲ့ သန်စွမ်းကျန်းမာတဲ့ ကိုယ်ဟန်ကို မလိုချင်ဘူးလား။
သိပ်ကို လိုချင်တာပေါ့။ အဖြေကတော့ အား တက်သရော ဟုတ်ကဲ့လို့ ဖြေမှာပါပဲ။
သင်က ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းနေတယ်ဆို ရင် သင်က ကျန်းမာနေတဲ့သူတစ်ယောက်ဖြစ်တယ် လို့ ဆိုလိုရာရောက်ပါတယ်။ ဒီနေ့ခေတ်မှာ လူတွေ က ကျန်းမာလှပ ကြည့်ကောင်းတဲ့ ကိုယ်ဟန်ရဖို့ အ ပြင်းအထန် ကြိုးစားလာကြပါတယ်။ သန်စွမ်းကြံ့ခိုင် တယ်ဆိုတာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်း အား လုံး သန်စွမ်းကျန်းမာနေတာမျိုးပါ။ ဒါပေမဲ့ ယုံကြည် လက်ခံထားတာတွေကို ရပ်ပစ်သင့်တဲ့ လေ့ကျင့်ခန်း ဆိုင်ရာ အယူအဆတချို့ရှိနေတာကိုတော့ သတိရ ပေးပါ။


သန်စွမ်းကြံ့ခိုင်မှုဆိုတဲ့ အဓိပ္ပာယ်က လူတစ် ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနာနေပါတယ်။ တချို့လူတွေအတွက် စမတ်ကျကျ အစာစားခြင်း၊ စမတ်ကျကျ အလုပ်လုပ်ခြင်းတွေကနေ သန်စွမ်း ကျန်းမာတဲ့ကောင်းကျိုး ရနိုင်ပြီး တချို့လူတွေအ တွက်ကတော့ လေ့ကျင့်ခန်းလုပ်မှသာ ကောင်းကျိုး ရရှိစေပါတယ်။ သင်ဟာ ဒါတွေအားလုံးက သင့်ကို သန်စွမ်း ကြံ့ခိုင်စေတယ်လို့ ထင်တဲ့သူ ဖြစ်နေမလား။ ဟုတ်တယ်ဆိုရင် သင့်အနေနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ် ဖို့ လိုအပ်သလို မှန်ကန်တဲ့ အာဟာရအလုံအလောက် စားပြီး ပြည့်ပြည့်ဝ၀ အနားယူပေးသင့်ပါတယ်။ နည်း ပညာခေတ်မှာ သင့်အနေနဲ့ ဘယ်နေရာကမဆို လို ချင်တဲ့ သတင်းအချက်အလက်များများ ရကောင်းရ နိုင်နေပါပြီ။ ဒါပေမဲ့ သတင်းအချက်အလက် တိကျ မှန်ကန်မှု ရှိရဲ့လားဆိုတာ ထပ်ခါ ထပ်ခါ စစ်ဆေး သင့်ပါတယ်။ ဒါကြောင့် ယုံကြည်လက်ခံထားတာကို ရပ်ပစ်သင့်ပြီဖြစ်တဲ့ သန်စွမ်းကြံ့ခိုင်မှုဆိုင်ရာ အယူအ ဆမှားတချို့ကို ဆွေးနွေးပေးချင်ပါတယ်။


အယူအဆ(၁) ချွေးပိုထွက်လေ၊ ပိုသန်စွမ်းလေ
တကယ်တော့ ချွေးထွက်တယ်ဆိုတာ သင့်ကြံ့ ခိုင်သန်စွမ်းမှုအပေါ် ဘာမှ သက်ရောက်မှု မရှိပါဘူး။ ခန္ဓာကိုယ်က ပြန်အေးအောင် တုံ့ပြန်တဲ့ ဇီဝဗေဒ ဆိုင်ရာ တုံ့ပြန်ချက်တစ်ခုပါ။ ချွေးထွက်များရင် ကယ် လိုရီ ပိုမိုလောင်ကျွမ်းမှုရှိတယ်လို့ လူတွေက ယုံကြည် ထားကြပါတယ်။ ဒါကတော့ သင် ယုံကြည်နေတာကို ရပ်ပစ်သင့်တဲ့ လေ့ကျင့်ခန်းဆိုင်ရာ အယူအဆမှား တစ်ခုပါ။

အယူအဆ(၂) သက်သတ်လွတ်အစာက သက်သတ်မလွတ်တဲ့ အစာထက် ပိုကောင်းတယ်
သက်သတ်လွတ်အစာက ဟင်းသီးဟင်းရွက် မဟုတ်တဲ့အစာထက် ပိုကောင်းတယ်လို့ လူအများ စုက ထင်မြင်ထားကြပါတယ်။ ဟုတ်ပါတယ်။ တ ကယ်တော့ သက်သတ်လွတ်အစာက တခြားအစာ တွေထက် ကျန်းမာရေးနဲ့ ပိုညီညွတ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်မဟုတ်တဲ့ အစာတွေကို ဖြတ်ချတာကတော့ စိတ်ကူးကောင်းမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ဆိုတာ မျှတတဲ့ အစားအသောက်ကို လို အပ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သံ ဓာတ်အဓိက ရရှိတဲ့ အသားကို ရှောင်တာဟာ သံ ဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။