Sun Pharma ဂလိုဘယ်လ် အကြောင်း

Sun Pharma သည် ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံး အထူးဆေးဝါးအမျိုးမျိုး ထုတ်လုပ်သော ဆေးကုမ္ပဏီဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆေးဝါးကုမ္ပဏီဖြစ်ပါသည်။ ထုတ်လုပ်မှုမြင့်မားပြီး အထူးကျွမ်းကျင်သော ဝန်ထမ်းများရှိသဖြင့် အရည်အသွေးမြင့် ထုတ်ကုန်များကို အချိန်တိုအတွင်းထုတ်လုပ်နိုင်ကာ သင့်တော်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်သည့် ထက်အောက်ဖွဲ့စည်းထားသော စီးပွားရေးလုပ်ငန်းဖြစ်ပါသည်။ အရည်အသွေးမြင့်ကာ ဈေးနှုန်းသင့်သည့် ဆေးဝါးများကြောင့် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဖောက်သည်များ၊ လူနာများ၏ ယုံကြည်မှုကို ရရှိထားပါသည်။ Sun Pharma မှ ကမ္ဘာအနှံ့ဖြန့်ဖြူးရောင်းချရန်အတွက် တိုက်ကြီး ၆ တိုက်တွင် ကုန်ပစ္စည်းစက်ရုံ ၄၄ ရုံရှိပါသည်။ ကမ္ဘာတဝှမ်း သုတေသနစင်တာများတည်ရှိပြီး နိုင်ငံစုံ ၅၀ ကျော်မှ မတူကွဲပြားသည့် လုပ်သားအင်အားများရှိပါသည်။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ဆေးဝါးအမှတ်တံဆိပ် ၃၀၀ ကျော်ထဲတွင် Sun Pharma မှ ဆေးဝါးအမျိုးအစား ၃၀ ပါဝင်နေပြီး မတူညီသည့် နယ်ပယ် ၁၀ မျိုးမှ ဆရာဝန်များ၏ ထောက်ခံညွှန်းဆိုမှုကို ရရှိထားပါသည်။ ပေါ်ထွန်းစဈေးကွက်များ၏ ဈေးကွက်ဝေစု ၁၀၀ ကျော်ရရှိထားပြီး အနောက်ဥရောပတွင် ဈေးကွက် ၆ နေရာ ရရှိထားပါသည်။ ကမ္ဘာ့ဈေးကွက် ၃ နေရာတွင် ဂလိုဘယ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းအဆင့် ၁၀ အတွင်း အဆင့်သတ်မှတ်ခံရပါသည်။ API ထောက်ပံ့မှုများကို ကမ္ဘာအနှံ့ ကမ္ဘာ့အဆင့်မီ API ထုတ်လုပ်ရေးစက်ရုံ ၁၄ ရုံမှ ရရှိထားပါသည်။ Sun Pharma သည် သိပ္ပံပညာရှင် ၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော သုတေသနစင်တာများမှ ခိုင်မာအားကောင်းသော သုတေသနများမှတဆင့် ပိုမိုကောင်းမွန်သောတီထွင်ဆန်းသစ်မှုများဖြင့် အရည်အသွေးအမြဲမြှင့်တင်နေပြီး ကုမ္ပဏီနှစ်စဉ်ဝင်ငွေ ခုနစ် ရာခိုင်နှုန်းနီးပါးကို သုတေသနလုပ်ငန်းများအတွက် ရင်းနှီးမြှပ်နှံထားပါသည်။ အသေးစိတ်သိရှိလိုပါက www.sunpharma.com လင့်ခ်မှတဆင့် ထပ်မံကြည့်ရှုနိုင်ပါသည်။ @SunPharma_Live တွစ်တာအကောင့်ကိုလည်း ဖောလိုးလုပ်ထားနိုင်ပါသည်။