Sun Pharma မြန်မာအကြောင်း

မြန်မာနိုင်ငံမှာ ဆေးဝါးအမျိုးမျိုးထုတ်လုပ်သော ထိပ်တန်းကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့်အတွက် Sun Pharma မြန်မာသည် ဆေးဝါးအသိုင်းအဝိုင်းများကြားမှာ အရေးပါသော အမှတ်တံဆိပ်တန်ဖိုးထားခံရမှုကို ရရှိပါသည်။ ထုတ်လုပ်သည့် ဆေးဝါးအမျိုးအစားများတွင် ကူးစက်ပိုး တွန်းလှန်ခြင်း၊ ဦးနှောက်အာရုံကြောနှင့် စိတ်ကျန်းမာရေး၊ နှလုံးကျန်းမာရေး၊ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး၊ ဆီးချိုသွေးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေး၊ အရိုးအကြော ကျန်းမာရေး၊ သားဖွားမီးယပ် ကျန်းမာရေး၊ ကင်ဆာရောဂါ၊ မျက်စိကျန်းမာရေး၊ ဆီးလမ်းကြောင်းကျန်းမာရေး၊ ကိုက်ခဲနာကျင်မှုထိန်းချုပ်ခြင်း၊ မိမိဘာသာ ဝယ်ယူရရှိနိုင်သည့် ဆေးများ၊ ပန်းသေပန်းညှိုး ရောဂါနှင့် ARVကုထုံးများ စသည်တို့ပါဝင်ပါသည်။ ကူးစက်ပိုးတွန်းလှန်ခြင်း၊ နှလုံးသွေးကြောကုသခြင်း၊ ဦးနှောက်အာရုံကြော ကုသခြင်း၊ စိတ်ကျန်းမာရေး၊ မိမိဘာသာ ဝယ်ယူသုံးစွဲနိုင်သော ဆေးဝါးများနှင့် အစာအိမ်အူလမ်း ကြောင်းဆိုင်ရာကုသမှုများတွင် ရှေ့က ဦးဆောင်နေပါသည်။ လူသိများထင်ရှားသည့် ဆေးဝါးအချို့မှာ Bacqure, Oframax, Sporidex, Caverta, Revital, Chericof, Aztor, Almosun, Pantocid နှင့် Clopilet တို့ ဖြစ်ကြပါသည်။မြန်မာနိုင်ငံမှ လုပ်ငန်းလည်ပတ်မှုများကို အရည်အသွေးတစ်သမတ်တည်းဖြစ်ပေါ်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ သုတေသနစင်တာနှင့် ထုတ်လုပ်မှုများမှ ထောက်ပံ့ပေးထားပါသည်။ ထုတ်လုပ်သည့် ဆေးဝါးများကို ကမ္ဘာ့နိုင်ငံ ၁၅၀ ကျော်မှ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများ၊ လူနာများမှ လက်ခံယုံကြည့်မှု ရရှိထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးရောင်းချမှုကို တိုက်ကြီး ၆ တိုက်ရှိ ကုန်ပစ္စည်းစက်ရုံ ၄၁ ရုံမှ ထောက်ပံ့ပေးထားပါသည်။ နိုင်ငံစုံ ၅၀ ကျော်မှ မတူကွဲပြားသည့် လုပ်သားအင်အား ၃၀,၀၀၀ ကျော်ရှိပါသည်။