လုပ်ငန်းခွင်မှာ ကျန်းမာနေစေမယ့် နည်းလမ်းကောင်း ၁၀
ဖေ‌ဖော်ဝါရီ 6, 2020

မောပန်းတဲ့အခါ စားစရာများ

မောပန်းပြီး မလှုပ်ချင် မကိုင်ချင်ဖြစ်ရတဲ့ ခံစား ချက်ကို မောပန်းနွမ်းလျမှုလိုပ ခေါ်ပါတယ်။ ဒီလို ဖြစ် တဲ့အခါ စွမ်းအင်တွေကို စုပ်ယူလိုက်သလို ကုန်ခမ်း သွားစေပြီး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေပေါ် မှာ သက်ရောက်မှုရှိစေပါတယ်။ မကောင်းတဲ့ အာဟာ ရ၊ အိပ်ရေးမဝခြင်း၊ ကဖင်းမှီဝဲမှုများခြင်း၊ အရက် သောက်သုံးလွန်းခြင်း စတဲ့ နေထိုင်စားသောက်မှုပုံစံ တွေက မောပန်းနွမ်းလျမှုဖြစ်စေတဲ့ အကြောင်းရင်း တချို့ပါပဲ။ အဝလွန်ခြင်း၊ ကျောက်ကပ်ရောဂါဝေဒ နာ၊ ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ပူပင်စိတ် များ ခြင်းနဲ့ စိတ်ကျရောဂါဝေဒနာတွေနဲ့လည်း ဆက် စပ်မှု ရှိတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး စွမ်းအင် ရှိနေစေဖို့ မှန်ကန်သင့်တော်တဲ့ အစားအသောက် တွေကို ရွေးချယ်ဖို့ လိုပါတယ်။ ဒါကြောင့် မောပန်း နွမ်းလျမှုကို တိုက်ထုတ်နိုင်ပြီး ချက်ချင်းလက်ငင်း စွမ်းအင်ပေးမယ့် စူပါအစားအစာတချို့ကို မျှဝေပေး လိုက်ပါတယ်။
♦ ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင် မှုများပါတယ်။ အကျိုးပြုဘက်တီးရီးယားပါဝင်တာ ကြောင့် မောပန်းနွမ်းလျတဲ့ ဝေဒနာလက္ခဏာတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က စွမ်းအင်တိုးစေ တဲ့ အစာဖြစ်ပြီး အစာခြေလမ်းကြောင်းစနစ် ကျန်း မာရေးကိုတောင် ကောင်းမွန်စေပါတယ်။
♦ ဖရဲသီး
ချက်ချင်း စွမ်းအင်တိုးစေတဲ့ ဖရဲသီးမှာ ရေ ဓာတ်နဲ့ ဓာတ်ဆား ပါဝင်မှုများပြီး တစ်ကိုယ်လုံးကို ရေဓာတ်ပြည့်ဝနေစေပါတယ်။
♦ အုတ်ဂျုံကွေကာ
ပရိုတင်း၊ မဂ္ဂနိစ်၊ ဖော့စ်ဖရပ်စ်နဲ့ ဗီတာမင်ဘီ ဝမ်းတို့ ပါဝင်မှုများတဲ့ အုတ်ဂျုံကွေကာက စွမ်းအင်အ ဆင့် မြင့်တက်စေပါတယ်။ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက် ဒရိတ် ပါဝင်မှုလည်း များပါတယ်။