အလုပ်ချစ်သူတို့အတွက် အကောင်းဆုံး အာဟာရဆိုင်ရာ နည်းလမ်း ၁၀
ဖေ‌ဖော်ဝါရီ 6, 2020
မောပန်းတဲ့အခါ စားစရာများ
ဖေ‌ဖော်ဝါရီ 11, 2020

လုပ်ငန်းခွင်မှာ ကျန်းမာနေစေမယ့် နည်းလမ်းကောင်း ၁၀

လုပ်ငန်းခွင်မှာ သင့်ကျန်းမာရေး ကောင်းမွန်စေ ဖို့ မတူညီတဲ့နည်းလမ်းတွေကို လေ့လာတာက ဖျားနာတဲ့ နေ့ရက်တွေကို လျော့နည်းစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံအတိုင်း နေ တဲ့အခါ သင် လိုက်နာဖို့ လိုအပ်တဲ့ နည်းလမ်းတွေပါ။ လုပ်ငန်းခွင်မှာ ကျန်းမာဖို့ဆိုရင် လိုက်နာရမယ့် နည်း ၁၀ ဖြာရှိပါတယ်။ ရုံးအများစုမှာ လုပ်ငန်းခွင်အခြေအနေက တိမ်းစောင်းနေပါတယ်။ သင့်အနေနဲ့ အလုပ်စားပွဲမှာ အကောင်းဆုံးလုပ်နိုင်ပေမယ့် စိတ်ဖိစီးမှုများတာနဲ့ လုပ်ငန်းခွင်ဝန်ပိတာတွေက သင့်ဘဝကို ထိခိုက်စေနိုင်ပါတယ်။ တခြားတစ်ဖက်မှာ လုပ်ငန်းခွင်ပတ်ဝန်းကျင်က သင့်ကို ကျန်းမာလာအောင် အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ပတ်ဝန်းကျင် မသန့်ရှင်းတဲ့ နေရာမှာ အလုပ်လုပ်နေရင် အလွယ် တကူ နာမကျန်းမှု ဖြစ်စေနိုင်ပါတယ်။ လုပ်ငန်းခွင် ကျန်းမာနေစေမယ့် တချို့နည်းတွေရှိပါတယ်။

(၁) လက်ကို ပုံမှန် ဆေးကြောပါ
အလုပ်ထဲမှာ လက်ကို ပုံမှန်ဆေးကြောပေးဖို့ အရေးကြီးပါတယ်။ သင့်လက်ပေါ်မှာ ပိုးမွှားတွေ ကပ် ငြိပြီး ကူးစက်ပိုး ဝင်လွယ်စေနိုင်ပါတယ်။

(၂) လက်ဆေးဆပ်ပြာဆောင်ထားပါ
အလုပ်စားပွဲမှာ လက်ဆေးဆပ်ပြာကို အမြဲထား ရှိပါ။ အိမ်သာတက်ပြီး လက်ဆေးပါ။ အနားရချိန် တွေမှာလည်း ပိုးမွှားတွေ သေအောင် လက်ဆေးဆပ် ပြာရည်နဲ့ ပွတ်သပ်ပေးပါ။

(၃) အစာကို အာဟာရပြည့်ပြည့်ဝ၀ စားသောက်ပါ
အလုပ်စားပွဲမှာ ပေါ့ပါးပြီး ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ အစားအသောက်တွေ စားပေးဖို့ အရေးကြီး ပါတယ်။ ပေါ့ပေါ့ပါးပါး စားတဲ့အခါ တက်ြွကပြီး အိပ် မငိုက်တော့ပါဘူး။

(၄) သင့်လုပ်ငန်းခွင်ကို ရှင်းလင်းပါ
လုပ်ငန်းခွင်ဝန်းကျင်ကို ရှင်းလင်းဖို့ အကူအညီ လိုအပ်နိုင်ပေမယ့် ကိုယ့်နေရာကိုတော့ ရှင်းပေးဖို့ အ ရေးကြီးပါတယ်။ သုံးပြီးသား တစ်သျှူးတွေကို လွှင့် ပစ်ပြီး ကိုယ့်အမှိုက်ပုံးကလည်း အနံ့မထွက်ဘဲ သန့် ရှင်းနေရပါမယ်။

(၅) အနားယူပါ
အလုပ်မှာ ကျန်းမာနေစေမယ့် နည်းလမ်းတွေ ထဲက တစ်ခုကတော့ နေရောင်ထဲထွက်ပြီး လတ်ဆတ် တဲ့ လေသန့်ကို ရှူရှိုက်ပေးဖို့ပါပဲ။ အလုပ်ချိန်နာရီတွေ ကြားမှာ အနားယူပေးတာက မလုပ်မဖြစ် အရေးပါ လှပါတယ်။

(၆) ရေများများ သောက်ပါ
ရေသောက်တာက တစ်နေ့တာလုံး တက်ြွက နေစေပါတယ်။ ရေကို ပုံမှန်သောက်ပေးရင် ရေဓာတ် ပြည့်ဝပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(၇) ကဖင်းဓာတ်ကို ထိန်းချုပ်ပါ
ကော်ဖီစွဲနေတာက မကောင်းပါဘူး။ ကဖင်း ဓာတ်စွဲလမ်းမှုဖြစ်နေရင် အိပ်မပျော်တာ၊ မျိုးအောင် နိုင်စွမ်း လျော့နည်းတာနဲ့ တခြားဆက်စပ် ကျန်းမာ ရေးပြဿနာတွေလို အထွေထွေ ကျန်းမာရေးပြဿ နာတွေ ဖြစ်စေနိုင်ပါတယ်။

(၈) စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
စိတ်ဖိစီးမှုက အသံတိတ်လူသတ်သမားဆိုတာ သင် သိပါရဲ့လား။ စိတ်ဖိစီးမှု များနေရင် အာရုံကြော တွေ တည်ငြိမ်အောင် လုပ်ဖို့ အရေးကြီးသလို စိတ် ခံစားမှုကောင်းစေမယ့် အရာတွေကို လုပ်ဆောင်ပေး ဖို့လည်း လိုအပ်ပါတယ်။

(၉) ထမင်းမစားဘဲ မနေပါနဲ့
လုပ်ငန်းခွင်မှာ ကျန်းမာနေစေမယ့် အကောင်း ဆုံးနည်းက ထမင်းမစားဘဲ မနေဖို့ပါပဲ။ သင့်အနေနဲ့ အလုပ်တွေကို နှစ်ဆလောက် လုပ်စရာရှိနေတယ်ဆို ရင် အာဟာရဓာတ်၊ ပရိုတင်းဓာတ် အပြည့်ပါတဲ့ နံ နက်စာ၊ နေ့လယ်စာနဲ့ ညစာကို မရှောင်သင့်ပါဘူး။

(၁၀) နေမကောင်းတဲ့သူနဲ့ ဝေးဝေးမှာ နေပါ
သင့်ကိုယ်ခံအားက မကောင်းဘူးဆိုရင် အ ကောင်းဆုံးက လုပ်ငန်းခွင်မှာ နေထိုင်မကောင်းတဲ့သူ နဲ့ ဝေးဝေးနေဖို့ပါပဲ။ ဒါက အရေးကြီးတဲ့ ကျန်းမာ ရေးနည်းလမ်းတစ်ရပ်ပါ။