ယုံကြည်တာကို ရပ်ပစ်သင့်ပြီဖြစ်တဲ့ လေ့ကျင့်ခန်းဆိုင်ရာ အယူအဆများ
ဖေ‌ဖော်ဝါရီ 6, 2020

မောပန်းနွမ်းလျမှုကို တွန်းလှန်ပေးနိုင်မည့် စူပါအစာ ၇ မျိုး

တစ်ချိန်လုံး ပင်ပန်းပြီး လေးလံနေသလို ခံစား နေရပါသလား။
အိပ်ရေးမဝတာ၊ ကဖင်းဓာတ်မှီဝဲမှုများတာနဲ့ အ ရက်သောက်တာတွေလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေက မောပန်းနွမ်းလျတာ နဲ့ ပင်ပန်းတာတွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တချို့ပါပဲ။ တကယ်လို့များ သင်က အထိုင်များတဲ့ နေထိုင်မှုပုံစံရှိခဲ့ရင် မောပန်းနွမ်းလျမှုအပြင် ကျန်းမာ ရေးပြဿနာတွေ ပိုဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာ လုံး တက်ြွကလန်းဆန်းနေဖို့ဆိုရင် သင့်တော်မှန်ကန် တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ရ ပါမယ်။ အဲဒီလို စွမ်းအင်တိုးစေမယ့် အစာနည်းနည်း ရှိပါတယ်။ အဝလွန်ခြင်း၊ ကျောက်ကပ်ရောဂါဝေဒနာ၊ ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ပူပင်စိတ် များ ခြင်းနဲ့ စိတ်ကျရောဂါဝေဒနာတွေနဲ့လည်း ဆက်စပ်မှု ရှိတတ်ပါတယ်။ မောပန်းနွမ်းလျနေရင် သင့်စွမ်းအင် မှန်သမျှ စုပ်ယူလိုက်သလို ကုန်ခမ်းသွားစေပြီး နေ့ စဉ် လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ရှိသွားပါတယ်။ ဒီနွမ်းလျမှုက အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ် သက်ရောက်မှု ပိုရှိတာပါ။ တ ချို့စူပါအစာတွေက မောပန်းနွမ်းလျမှုကို တွန်းလှန် ပေးနိုင်ပါတယ်။ ဒါကြောင့် မောပန်းနွမ်းလျမှုကို တိုက် ထုတ်နိုင်ပြီး ချက်ချင်းလက်ငင်း စွမ်းအင်ပေးမယ့် စူပါ အစားအစာတချို့ကို မျှဝေပေးလိုက်ပါတယ်။

ရွှေဖရုံစေ့
ရွှေဖရုံစေ့မှာ ပရိုတင်း၊ ဗီတာမင်ဓာတ်တွေနဲ့ အို မီဂါ ၃ ဖက်တီးအက်စစ်အပြည့်အဝ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေအားလုံးက မောပန်းနွမ်းလျတဲ့ ဝေဒနာလက္ခဏာတွေကို တွန်းလှန်ပေးနိုင်ပြီး ချက် ချင်း စွမ်းအင်တိုးစေပါတယ်။


သစ်ကြားသီး
သစ်ကြားသီးက စွမ်းအင်တိုးစေတဲ့ သရေစာ ပါ။ သစ်ကြားသီးမှာ ပရိုတင်း၊ ဗီတာမင်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုများတာကြောင့် မောပန်းနွမ်း လျတဲ့ ဝေဒနာလက္ခဏာတွေကို သက်သာစေပါ တယ်။


အုတ်ဂျုံကွေကာ
အုတ်ဂျုံကွေကာမှာ ပရိုတင်း၊ မဂ္ဂနိစ်၊ ဖော့စ်ဖ ရပ်စ်နဲ့ ဗီတာမင်ဘီဝမ်း ပါဝင်မှုများတာကြောင့် စွမ်း အင်အဆင့် မြင့်တက်စေပါတယ်။ အမျှင်ဓာတ်နဲ့ ကာ ဗိုဟိုက်ဒရိတ် ပါဝင်မှုများတာကြောင့် တစ်ကိုယ်လုံး ကို စွမ်းအင်တိုးစေပါတယ်။


ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များပါတယ်။ အကျိုးပြုဘက်တီးရီးယားပါဝင်တာ ကြောင့် နွမ်းလျပင်ပန်းတဲ့ ဝေဒနာလက္ခဏာတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က စွမ်းအင်တိုးစေ တဲ့အတွက် အစာခြေလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။


ဖရဲသီး
ဖရဲသီးက စွမ်းအင်ကို မြန်မြန်တိုးစေတဲ့ အစာ ပါ။ ရေဓာတ်နဲ့ ဓာတ်ဆားပါဝင်မှုများတာကြောင့် ခန္ဓာ ကိုယ်ကို ရေဓာတ်ပြည့်ဝနေစေပါတယ်။ ဖရဲသီးစား လိုက်တဲ့အခါ ချက်ချင်းလက်ငင်းကို စွမ်းအင်ပြည့် သွားစေပါတယ်။