အမေးအဖြေများ

ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးအကြောင်း သိပါရစေ။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးဆိုတာ နေ့စဉ်ကျန်းမာဖို့အတွက် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ နဲ့ ဂျင်ဆင်းတို့ကို သင့်တော်တဲ့ အချိုးအစားအတိုင်း ပေါင်းစပ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ဂျင်ဆင်းပါဝင်တာကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ သက်လုံကောင်းစေပြီး စိတ်ဖိစီးမှုနဲ့ နုံးချည့်နွမ်းနယ်မှုတွေမဖြစ်အောင် ကာကွယ်ပေးကာ ကျန်းမာသက်ရှည်စေပါတယ်။ ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးက လူ့ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်အသုံးပြုနိုင်စွမ်း တိုးစေပါတယ်။ ရလဒ်အနေနဲ့ အားနည်းတာ၊ နုံးချည့်နွမ်းနယ်တာနဲ့ မောပန်းတာတို့ မဖြစ်တော့ပါဘူး။ တစ်နေ့တာလုံး ကျန်းမာ လန်းဆန်း တက်ကြွနေပါလိမ့်မယ်။
ဂျင်ဆင်းဆိုတာ ဘာလဲ၊ ဂျင်ဆင်းက ဘယ်လို လုပ်ဆောင်ပေးတာလဲ။
နှစ် ၅၀၀၀ သက်တမ်းရှိသည့် ကမ္ဘာကျော် သဘာဝသစ်မြစ် ဂျင်ဆင်းသည် "အံ့ဖွယ်" ဆေးမြစ်အဖြစ်အမည်တွင်ပါသည်။ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ထားပြီး ကမ္ဘာအနှံ့အသုံးပြုကြပါသည်။ တစ်နေ့လုံး ကျန်းမာ၊ရွှင်လန်း၊တက်ကြွနေစေပါသည်။ ဂျင်ဆင်းသည် အလွန်ကောင်းမွန်သော “adaptogen” ဖြစ်ပြီး လူ့ခန္ဓာကိုယ် လိုအပ်ချက်အလိုက် လိုက်လျောညီထွေအောင် ပြုလုပ်ပေးပါသည်။ လက်တစ်အက်ဆစ်ဖွဲ့စည်းပုံကို လျော့ကျစေပြီး မောပန်းမှုကို ဖြေလျော့စေပါသည်။ အိပ်ပျော်အောင်နှင့် စိတ်ပူပန်မှုလျော့ကျအောင် ပြုလုပ်ပေးပါသည်။ တက်ကြွလန်းဆန်းစေပြီး ရုပ်ပိုင်း၊စိတ်ပိုင်းဖိစီးမှုကို ကျော်လွှားနိုင်စေပါသည်။ တစ်ဖန် စိတ်စူးစိုက်မှုကိုလည်း အားကောင်းစေပါသည်။
ကျွန်တော်က ကျန်းမာပြီး အစားအသောက် ကောင်းကောင်း စားပါတယ်။ ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးကို ဘာလို့ သောက်သင့်တာလဲ။
သင်က ကျန်းမာနေရင်တောင်မှ တစ်နေ့တာအတွက် လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ အခြေခံ ဗီတာမင်ဓာတ် တွေနဲ့ သတ္တုဓာတ်တွေအားလုံးပေးစွမ်းနိုင်မယ့် ရီဗိုက်တယ်ဂျင်ဆင်း ပလပ်စ်အားဆေးကို မှီဝဲနိုင်ပါ တယ်။ နေ့ရက်အတော်များများမှာ ကျွန်တော်တို့က တစ်နေ့တာ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေအား လုံးရရှိဖို့ သင့်တော်မှန်ကန်တဲ့ အစားအသောက်ပမာဏ ကို မစားဖြစ်ကြပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓာသန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းနေစေဖို့ ရီဗိုက်တယ်ဂျင်ဆင်း ပလပ်စ်အားဆေးကို မှီဝဲသင့်ပါတယ်။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးမှီဝဲရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမှာလဲ။
♦ ဂျင်ဆင်းနဲ့ သံဓာတ်က တစ်နေ့တာအတွင်း နုံးချည့် နွမ်းနယ်မှုကို တွန်းလှန်ပေးပြီး စွမ်းအင်ပြည့်ဝစေပါ တယ်။ ♦ ဂျင်ဆင်းနဲ့ သံဓာတ်က စိတ်ကို လန်းဆန်းစေပြီး အာရုံ စိုက်နိုင်စွမ်းကို တိုးစေပါတယ်။ ♦ ဂျင်ဆင်းက စိတ်ဖိစီးမှုကို ထိန်းချုပ်တွန်းလှန်နိုင်စွမ်း ကို တိုးစေပါတယ်။ ♦ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေက သင့်ကျန်းမာရေး၊ ကိုယ်ခံအားစနစ်နဲ့ သက်လုံကောင်းမွန်မှုတို့ကို တိုးတက် ကောင်းမွန်စေပါတယ်။ ♦ ကိုယ်ရောစိတ်ပါ ကျန်းမာစေမယ့် အားဖြည့်အာဟာရ ဖြစ်ပါတယ်။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးမှာ ဘေးထွက်ဆိုး ကျိုး ရှိသလား။
မရှိပါဘူး။ ဆေးညွှန်းအတိုင်း သောက်ပေးရင် ဘေးကင်း ပါတယ်။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါသလား။
ကိုယ့်သဘောနဲ့ ကိုယ် ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ် အားဆေးကို သောက်လို့ရပါတယ်။ တိုင်ပင်ချင်တယ် ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးကို မသောက်သင့်တဲ့သူတွေ ရှိပါသလား။
ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ မသောက်သင့်ပါ ဘူး။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာရှိလို့ ဆေးသောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါရှိသူနဲ့ သွေးတိုးရှိသူတွေမှာ ဆေးနဲ့ ကောင်းကောင်း ထိန်းချုပ်ထားနိုင်တယ်ဆိုရင် သောက်လို့ ရပါတယ်။
ဆီးချိုသွေးချိုရောဂါရှိသူတွေက ရီဗိုက်တယ်ဂျင်ဆင်း ပလပ်စ်အားဆေးကို မှီဝဲနိုင်ပါသလား။
ဆီးချိုသွေးချိုရောဂါရှိသူတွေက ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးကို မှီဝဲနိုင်ပါတယ်။ သကြားဓာတ် မပါတာကြောင့် အန္တရာယ်ကင်းပါတယ်။
ကျွန်တော်/ကျွန်မက မောပန်းနွမ်းနယ်တဲ့ ဝေဒနာ ခံစားနေရပါတယ်။ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးက ကျွန်တော့်အတွက် သင့်တော်ပါသလား။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေက မောပန်းနွမ်းနယ်တဲ့ ဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။
ကျွန်တော်/ကျွန်မက ဝတယ်။ ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ် အားဆေးက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်သလား၊ ကိုယ်အလေးချိန်ကျစေမှာလား။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးက ကိုယ်အလေးချိန် မတက်စေပါဘူး၊ ကျလည်း မကျစေပါဘူး။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးကို ဘယ်နေရာတွေမှာ ဝယ်ယူရရှိနိုင်ပါသလဲ။
ရီဗိုက်တယ်ဂျင်ဆင်းပလပ်စ်အားဆေးကို ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။